သစ်ရိပ်၊၀ါးရိပ်တွေ ထက် အေးချမ်းတဲ့ နေရာ ဆိုလို့ ၊ သာသနာ့ အရိပ်နဲ့ မိဘအရိပ်ဆို တာ
ကိုယ်တိုင် လျှေက်တဲ့ ဘ၀ လမ်းကို ၊ခြေလှမ်း စခင်းတော့ မှ တစ်ဖြည်းဖြည်းချင်း သိလာတယ် …။
ငယ်ရွယ် စဉ်က ပိုးမွေးသလို မွေး ၊ ခြေမွှေးမီးမလောင် လက်မွှေး မီးမလောင် ၊
မိဘတွေ ရဲ့ ပြုစုပျိုးထောင်မှု့  အပေါ် ရေသာခိုအချောင်လိုက် ပြီး ခက်မိုက်မိုက်နေခဲ့မိတယ် ။
မိဘရဲ့ သားသမီး ပေါ်ထားတဲ့ ကြီးမားတဲ့မေတ္တာတရားကို ကျယ်ကျယ်ပြန့်ပြန့် မစဉ်းစာမိခဲ့ ဖူး
ဘယာဘေး တွေးပူပြီး ထိန်းကွပ် တာကို အချုပ်အနှောင် လို့ မြင်ခဲ့ မိတယ် ။ စိုးရိမ်ပူပန်မှုတွေအပေါ်
စိတ်ကျဉ်းကျပ်လာခဲ့တယ်။ အချုပ်အနှောင်နဲ့ ဝေးဝေးမှာ ခပ်အေးအေး နေချင်လာခဲ့တယ် ။
လွတ်လပ်ခြင်း ဆိုတဲ့ အရသာ ကို မမြည်းစမ်းကြည့်ဖူးသေးတော့
ဘေးပတ်ဝန်းကျင်ကိုရော်ရမ်း မှန်းဆပြီးကြည့် ကြည့်လာတယ်
အတွေး ရိုင်းတွေ နယ်ချဲ့တဲ့ ၁၀ တန်းအရွယ် ၁၆ နှစ်သားကပေါ့ …।
“ ဒီခေတ်ကြီးထဲ မှာ ၁၀ တန်းလေး မှ မအောင်ဖူးဆိုရင်
မင်း…. လိပ်ကို ပက်လက် လှန်ထားသလို ယက်ကန်ယက်ကန်ဖြစ်နေမှပေါ့ကွ “
ဆိုတဲ့ မိုးဒီ ရဲ့ ကြော်ငြာ ကို မြင်တိုင်း
တစ်တိုင်းတစ်ဖက်ခြားနေတဲ့ ရွှေပြည်သစ်ဘော်ဒါ က သူငယ်ချင်းတွေကိုလှမ်းလှမ်းကြည့်မိတယ်
ပျော်စရာ ကောင်းလိုက်တာ … ။
အဆောင်နေ ကျောင်းသားကျောင်းသူဘ၀ကို အရမ်းနှစ်သက်ခဲ့မိတယ်
သူငယ်ချင်းတွေ နဲ့ ပျော်ပျော်ပါးပါး ၊အချုပ်မရှိ အချယ်မရှိ ။
သွားချင်သလိုသွားတယ် စားချင်သလို စားတယ် ။
ကိုယ်ပိုင်ထိန်းချုပ်မှု့  ရယ်လို့ …. အတွေး ငယ်ငယ် နဲ့ စဉ်းစားခဲ့ဖူးတယ် ။
ဒီလိုနဲ့ … ဗုဒ္ဓဘာသာ ၀င်ပီပီ ၊ အလိုရှိတာလေးတွေရရန် ဘုရားထံ အပူကပ်ပြန်တယ် …
ကိုယ့်သမိုင်း အတွက် ရာဇ၀င် တွင့်မဲ့ ဆုလာဘ်မှန်း ရောင်ရမ်းလို့ ဖြင့် မစဉ်းစားမိခဲ့ဖူး
ရေချမ်း၊ ပန်း ၊ ဆီမီး တို့ နဲ့ သြကာသ ကန်တော့ချိုးကို ဟန်ပါပါ ရှိခိုးပြီး
မြတ်ဗုဒ္ဓ ထံရည်မှန်း၍…
“ အရှင်ဘုရား…ယခုဖြေ ဆိုမည့် ၁၀ တန်း စာမေးပွဲကို ချောချောမွေ့မွေ့ အောင်မြင်ပြီး
တက္ကသိုလ် ပညာကို မိဘနဲ့ လက်လှမ်းမမှီတဲ့အ ဆောင်နေကျောင်းသားတစ်
ယောက်အဖြစ် လွတ်လပ်စွာ သင်ယူ ရပါလို၏။ “
ကံကြမ္မာ စေရာကြောင့်လား ၊ အဓိဌာန်ပဲအောင်း လို့လားတော့မသိ
တောင်းတဲ့ဆုတွေ လျှင်မြန်စွာ ပြည့်ခဲ့လေ တယ် ….။
လောကဓံ ရဲ့ လှိုင်း အောက် တစ်ဖြည်းဖြည်းရောက်လာခဲ့တယ် ။
ဒီလိုနဲ့ …ခွဲခွါခြင်းမှတ်တိုင်ကိုရောက်တဲ့ တစ်နေ့ … မျက်ရည်လေး ဆွေ့ဆွေ့ နဲ့
ဘ၀ခရီ လမ်းကို ကျောပိုးအိတ်လေးထမ်းပြီး တစ်ကိုယ်ရေ လျှေက်လှမ်းမယ်ပေါ့
အသစ်အသစ်သေား အားမာန်တို့နဲ့ မိဘ ရင် ကိုခြေစုံကန် ခွဲခွါခဲ့ပြန်တယ်…।။
လောက ဘ၀ ရဲ့ ဒုက္ခ အဖုံဖုံ ကို ကိုယ်တိုင်ကြုံတွေ့ လာရတော့ ၊
ခလုတ် ထိမှ အမိတ လာမိတယ် …. မိဘရဲ့ နွေးတွေးတဲ့ မေတ္တာကို ပြန်လည်တောင့်တမိတယ်။
အဖေ၊အမေတို့ ရဲ့ ရင်ခွင်အစုံ မှာ ပြေး၍ခိုလှုံချင်စိတ်တွေ ဖြစ်ဖြစ်လာပြန်တယ် …।။
ခက်ပြီ …. တောင်းတဲ့ဆုတွေ ကလည်းပြည့်နေပြီ ၊
လှမ်းအော်လို့ ဖြင့် ခေါ်မကြားနိုင်သော အဝေးတစ်နေရာလည်းရောက်ပြီ ၊
ဖေဖေ၊ မေမေ …လို့ စိတ်ကကြိတ်အော်မိတိုင်း …အိမ်ပြန်ချင်တဲ့စိတ်ကို ထိန်းထိန်းနေရတယ်…।။
ကိုယ့်အပြစ်နဲ့ ကိုယ်ကံမို့ ….နိုးတစ်ဝက်ည အိပ်မက်ကအနိုးမှာ
အဖေနဲ့ အမေကို တမ်းတ ၊ နွမ်းလျတဲ့ စိတ်တွေ နဲ့ ဘုရားစင်ေ့ ရှဆော့င်ကြောင့်ထိုင်လို့
မှားခဲ့ဖူးသော တောင်းဆု တစ်စုံအတွက် ….မြတ်ဗုဒ္ဓထံ ရှိခိုးဦးတိုက်ကာ
အလွမ်းမီးတို့ ငြိမ်းအေး စေကြောင်း ဆုမွန်တောင်းပြီ ….
အိမ်ပြန်ရမဲ့ နေ့ရက်တွေကို လက်ချိုးရေတွက် နေမိပါတယ် …।။
လူတိုင်းလူတိုင်း မှန်ကန်သော တောင်းဆုတွေ နဲ့ ပြည့်ဝနိုင်ကျပါစေ ။ ။ ။
1 ယောက် ကဒီလိုအကြံပြုဆွေးနွေးပေးပါတယ် ။:
တောင်းဆု ထက်တော့ ရောက်ရာ ဖြစ်ရာကို ကျေနပ်ပြီး အကောင်းဆုံး ဖြစ်အောင် ကြိုးစား နေထိုင်တာက ပို အဆင်ပြေပါသဗျ .. :D
Post a Comment