ချမ်းအေးတဲ့ ဆောင်းဦး ရာသီ က
အေးချမ်းကိုပမာမခန့် ပြုနေသော်လည်း .....
မအေးချမ်းနိုင်သော အေးချမ်းရဲ့ ရင်အပူမီး တို့ကား
ရင်တွင်း အစုံကို လောင်ကျွမ်းကာ ဦးနှောက်ကို လာဟပ်ချေပြီ။
ခန္ဓာ ကိုယ်အတွင်း မှ စွမ်းအင်ပြောင်း၍ ထွက်လာသော ချွေးစက်ရေငွေ့ များမှာ
အေးစက်စက် နှင့် နှဖူးပြင်ပေါ်တွင် ရီးလေးခို က လုပ်ရမ်း နေကြပြန်သည် ။
ခပ်သွက်သွက်လှမ်းလျှေက်ရင်း အတွေးတစ်ခုက ဦးနှေက် အား
မီးစာထိုးပေးသလို ၀င်လာပြန်တော့ . . . . . .
“ ဒီနေ့ သာ ကျောင်းနောက် ကျရင် ဌာနမှူး ရုံးခန်း တွင် သေချာပေါက် အဆူခံ ရမှာပါလား ။ ”
စိတ်ကူသစ် အတွေးများ လေထဲပျောက်မသွားခင် နာရီပေါ်သို့ ရည်ရွယ်ချက်မဲ့ စွာကြည့်မိသည်။
ဟား .......... ငါ့ခြေဦးတွေ ဌာနမှူးရုံးခန်း ကို ဦးတည်နေပါလား ။ ။ ။
1 ယောက် ကဒီလိုအကြံပြုဆွေးနွေးပေးပါတယ် ။:
မအေးချမ်းသေးရင် အေးချမ်းသူဆီက အေးချမ်းမှုတွေ မျှယူပါရှင်... လျှပ်တစ်ပြက်အတွေးသစ်တွေက ကောင်းပါတယ်၊ ဖြစ်စဉ် ၁ ကိုဖတ်သွားတယ်။ ဖြစ်စဉ်အတွဲတွေ လာဦးမှာပေါ့နော်၊ ကဗျာလေးလည်း ကြိုက်တယ်။
Post a Comment