25 Nov 2007

ဘ၀စစ်မြေပြင်က အာဂ မိန်းကလေး

သူမလည်း ကမ္ဘာလောကထဲက မိန်းကလေးတွေလိုပဲ

အပြုံးဆိုလို့ ခပ်နွမ်းနွမ်းပဲဆင်တတ်တဲ့ သူမမျက်နှာမှာ

ခပ်ကျဲကျဲ သနပ်ခါး အပြင် ချွေးစို့စို့ ကလွဲလို့

မိပ်ကပ် ဆိုတာ ခပ်ရှားရှား ရယ်


တစ်ချို့ တွေ ရေလဲသုံးတဲ့

အဆင်မပြေမှုကို စားသုံးရတိုင်း

သမာအာဇီဝ နဲ့ အစားထိုးခဲ့တယ်

အားနွဲ့တိုင်းသာ အရှုံးပေးရစတမ်းဆိုရင်

ကျော်လွန်ဖြတ်သန်းလာခဲ့တဲ့ အတိတ်နေ့ရက်တွေထဲမှာ

သူမပျောက်ဆုံးနေခဲ့ မပေါ့ ။


အခုလဲကြည့်လေ

အရင်ကလို စံပယ်ပန်းတွေလက်မှာ မချိတ်တော့ပြန်ဖူး

ဂျာနယ်တွေ တစ်ပွေ့တစ်ပိုက်နဲ့ စစ်တလင်းထဲရောက်နေပြီ

ကားမှတ်တိုင် တောက်လျှောက် အော်ဟစ်ရောင်းလို့ရဲ့

တိုက်ပွဲတွေ ကို ပုံမှန်ဆင်နွဲနေတယ် ။


အရင်ကတော့ စံပယ်ပန်းတွေကောက်

သီလိုက်၊ ရောင်းလိုက်၊ သူ့ခေါင်းပန်လိုက်နဲ့

သူမအတွက်တော့ ရွေးချယ်စရာ ခပ်များများမရှိပါဘူး

သူ့အရောင်သူဆိုးပြီး ၊ သူ့ဘ၀သူဆယ်ခပ်တယ်လေ ။


သူမအတွက်တော့ ခံစားချက်ဆိုတာ၊

စကားလုံးတွေနဲ့ ပြောင်းပြန်ဖြစ်နေတယ်

ပွင့်ဟဟ ပါးစပ်ဖျားမှထွက်လာတဲ့ လေတိုးသံကလွဲလို့

အိပ်ပေါက်ဝ အရောက် စကားလုံးတွေ ပျောက်ဆုံးနေလေရဲ့


သူမဘ၀ ပူလောင်လှတယ်လို့ဆိုရပေမယ့်

လူတကာရင်အေးစေဖို့၊ ရေချမ်းအိုးခေါင်းပေါ်ရွက်ထားပြန်တယ်

စင်္ကြန်တစ်လျှေက်၊ ဒီဘူတာမှ ဆိုက်ကပ်သမျှ

သံသရာ ခရီးသည်တွေ ဘ၀ကို

ရေချမ်းကမ်းတဲ့ သူမမေတ္တာက အေးချမ်းနေပြန်ရော။


သံယောဇဉ် လက်ကျန် နည်းပါးတဲ့သူမဟာ

အသပြာချို့  တဲ့ပေမယ့် စေတနာတွေပြည့်ဝခဲ့တယ်

စကားလုံးတွေ ချို့ တဲ့ပေမယ့် ခံစားချက်တွေပြည့်ဝခဲ့တယ်

သြော် သူမ ၊

ဘ၀စစ်မြေပြင်က အာဂ မိန်းကလေးပေလား ။ ။ ။


21 Nov 2007

တောင်းဆု(၀ါ)မောင်အေးချမ်း၏မအေးချမ်းသောဖြစ်စဉ်(၂)

သစ်ရိပ်၊၀ါးရိပ်တွေ ထက် အေးချမ်းတဲ့ နေရာ ဆိုလို့ ၊ သာသနာ့ အရိပ်နဲ့ မိဘအရိပ်ဆို တာ

ကိုယ်တိုင် လျှေက်တဲ့ ဘ၀ လမ်းကို ၊ခြေလှမ်း စခင်းတော့ မှ တစ်ဖြည်းဖြည်းချင်း သိလာတယ်


ငယ်ရွယ် စဉ်က ပိုးမွေးသလို မွေး ၊ ခြေမွှေးမီးမလောင် လက်မွှေး မီးမလောင် ၊

မိဘတွေ ရဲ့ ပြုစုပျိုးထောင်မှု့  အပေါ် ရေသာခိုအချောင်လိုက် ပြီး ခက်မိုက်မိုက်နေခဲ့မိတယ် ။


မိဘရဲ့ သားသမီး ပေါ်ထားတဲ့ ကြီးမားတဲ့မေတ္တာတရားကို ကျယ်ကျယ်ပြန့်ပြန့် မစဉ်းစာမိခဲ့ ဖူး

ဘယာဘေး တွေးပူပြီး ထိန်းကွပ် တာကို အချုပ်အနှောင် လို့ မြင်ခဲ့ မိတယ် ။ စိုးရိမ်ပူပန်မှုတွေအပေါ်
စိတ်ကျဉ်းကျပ်လာခဲ့တယ်။ အချုပ်အနှောင်နဲ့ ဝေးဝေးမှာ ခပ်အေးအေး နေချင်လာခဲ့တယ် ။


လွတ်လပ်ခြင်း ဆိုတဲ့ အရသာ ကို မမြည်းစမ်းကြည့်ဖူးသေးတော့

ဘေးပတ်ဝန်းကျင်ကိုရော်ရမ်း မှန်းဆပြီးကြည့် ကြည့်လာတယ်

အတွေး ရိုင်းတွေ နယ်ချဲ့တဲ့ ၁၀ တန်းအရွယ် ၁၆ နှစ်သားကပေါ့


ဒီခေတ်ကြီးထဲ မှာ ၁၀ တန်းလေး မှ မအောင်ဖူးဆိုရင်

မင်း. လိပ်ကို ပက်လက် လှန်ထားသလို ယက်ကန်ယက်ကန်ဖြစ်နေမှပေါ့ကွ


ဆိုတဲ့ မိုးဒီ ရဲ့ ကြော်ငြာ ကို မြင်တိုင်း

တစ်တိုင်းတစ်ဖက်ခြားနေတဲ့ ရွှေပြည်သစ်ဘော်ဒါ က သူငယ်ချင်းတွေကိုလှမ်းလှမ်းကြည့်မိတယ်

ပျော်စရာ ကောင်းလိုက်တာ


အဆောင်နေ ကျောင်းသားကျောင်းသူဘ၀ကို အရမ်းနှစ်သက်ခဲ့မိတယ်

သူငယ်ချင်းတွေ နဲ့ ပျော်ပျော်ပါးပါး ၊အချုပ်မရှိ အချယ်မရှိ ။

သွားချင်သလိုသွားတယ် စားချင်သလို စားတယ် ။

ကိုယ်ပိုင်ထိန်းချုပ်မှု့  ရယ်လို့ . အတွေး ငယ်ငယ် နဲ့ စဉ်းစားခဲ့ဖူးတယ် ။


ဒီလိုနဲ့ ဗုဒ္ဓဘာသာ ၀င်ပီပီ ၊ အလိုရှိတာလေးတွေရရန် ဘုရားထံ အပူကပ်ပြန်တယ်

ကိုယ့်သမိုင်း အတွက် ရာဇ၀င် တွင့်မဲ့ ဆုလာဘ်မှန်း ရောင်ရမ်းလို့ ဖြင့် မစဉ်းစားမိခဲ့ဖူး

ရေချမ်း၊ ပန်း ၊ ဆီမီး တို့ နဲ့ သြကာသ ကန်တော့ချိုးကို ဟန်ပါပါ ရှိခိုးပြီး

မြတ်ဗုဒ္ဓ ထံရည်မှန်း၍


အရှင်ဘုရားယခုဖြေ ဆိုမည့် ၁၀ တန်း စာမေးပွဲကို ချောချောမွေ့မွေ့ အောင်မြင်ပြီး

တက္ကသိုလ် ပညာကို မိဘနဲ့ လက်လှမ်းမမှီတဲ့အ ဆောင်နေကျောင်းသားတစ်

ယောက်အဖြစ် လွတ်လပ်စွာ သင်ယူ ရပါလို၏။


ကံကြမ္မာ စေရာကြောင့်လား ၊ အဓိဌာန်ပဲအောင်း လို့လားတော့မသိ

တောင်းတဲ့ဆုတွေ လျှင်မြန်စွာ ပြည့်ခဲ့လေ တယ် .။

လောကဓံ ရဲ့ လှိုင်း အောက် တစ်ဖြည်းဖြည်းရောက်လာခဲ့တယ် ။


ဒီလိုနဲ့ ခွဲခွါခြင်းမှတ်တိုင်ကိုရောက်တဲ့ တစ်နေ့ မျက်ရည်လေး ဆွေ့ဆွေ့ နဲ့

ဘ၀ခရီ လမ်းကို ကျောပိုးအိတ်လေးထမ်းပြီး တစ်ကိုယ်ရေ လျှေက်လှမ်းမယ်ပေါ့

အသစ်အသစ်သေား အားမာန်တို့နဲ့ မိဘ ရင် ကိုခြေစုံကန် ခွဲခွါခဲ့ပြန်တယ်।။


လောက ဘ၀ ရဲ့ ဒုက္ခ အဖုံဖုံ ကို ကိုယ်တိုင်ကြုံတွေ့ လာရတော့ ၊

ခလုတ် ထိမှ အမိတ လာမိတယ် . မိဘရဲ့ နွေးတွေးတဲ့ မေတ္တာကို ပြန်လည်တောင့်တမိတယ်။

အဖေ၊အမေတို့ ရဲ့ ရင်ခွင်အစုံ မှာ ပြေး၍ခိုလှုံချင်စိတ်တွေ ဖြစ်ဖြစ်လာပြန်တယ် ।။


ခက်ပြီ . တောင်းတဲ့ဆုတွေ ကလည်းပြည့်နေပြီ ၊

လှမ်းအော်လို့ ဖြင့် ခေါ်မကြားနိုင်သော အဝေးတစ်နေရာလည်းရောက်ပြီ ၊

ဖေဖေ၊ မေမေ လို့ စိတ်ကကြိတ်အော်မိတိုင်း အိမ်ပြန်ချင်တဲ့စိတ်ကို ထိန်းထိန်းနေရတယ်।။


ကိုယ့်အပြစ်နဲ့ ကိုယ်ကံမို့ .နိုးတစ်ဝက်ည အိပ်မက်ကအနိုးမှာ

အဖေနဲ့ အမေကို တမ်းတ ၊ နွမ်းလျတဲ့ စိတ်တွေ နဲ့ ဘုရားစင်ေ့ ရှဆော့င်ကြောင့်ထိုင်လို့

မှားခဲ့ဖူးသော တောင်းဆု တစ်စုံအတွက် .မြတ်ဗုဒ္ဓထံ ရှိခိုးဦးတိုက်ကာ

အလွမ်းမီးတို့ ငြိမ်းအေး စေကြောင်း ဆုမွန်တောင်းပြီ .

အိမ်ပြန်ရမဲ့ နေ့ရက်တွေကို လက်ချိုးရေတွက် နေမိပါတယ် ।။


လူတိုင်းလူတိုင်း မှန်ကန်သော တောင်းဆုတွေ နဲ့ ပြည့်ဝနိုင်ကျပါစေ ။ ။ ။

16 Nov 2007

ခွန်အားဖြည့်အပြုံး

ယဲ့ယဲ့ ကလေးပဲ ပြုံးပေးပါချစ်သူရယ်
အခြေခံ မတူတဲ့ ဘ၀ နှစ်ခုပေါင်းစပ်မယ်ဆိုရင်
အချစ်တစ်ခုကို တော့မူမှန်အောင် ထားရလိမ့်မယ်
စိတ်ကူးရင် ဆန်တဲ့ အတွေးလို့ ထင်ချင်ထင်နိုင်ပါတယ်
စိတ်ရှိရင်တော့ ဖြစ်လာဖို့ ရာခိုင်နှုန်းတွေက
အပေါင်းလက္ခဏာ ပဲလေ …

သဲ့သဲ့ကလေးပဲ ရယ်ပေးပါချစ်သူရယ်
လောကဓံကို တူနှစ်ကိုယ်ရင်ဆိုင်မယ်ဆိုရင်
ယှက်ထားတဲ့ လက်တွေ ခိုင်မြဲဖို့တော့လိုလိမ့်မယ်
ပိုတယ်လို့ လည်းထင်ချင်ထင်နိုင်ပါတယ်
လိုအပ်မယ့် စွန်းစားမှု အတွက်တော့
ကြိုတင်ပြင်ဆင်ရ မှာပဲလေ …

မင်း နဲ့ ပတ်သတ်ပြီး ငါဘ၀မှာ
ဓါးသွားပေါ်က ပျားရည် စက် ကို လျှာနဲ့လျက်သလို
ဆိုးဝါးတဲ့ ဒဏ်ရာတွေရမယ်ဆိုရင်တောင်
မင်းအပြုံးတစ်ချက်နဲ့ ရုံးမထွက်ပဲ
ချို မြိန်စွာ သောက်သုံးလိုက်ပါ့မယ် ...

နှလုံးသာချင်း ရင်းနှီးလို့
ချစ်ခြင်း တရားတွေ ကို ဖလှယ်ခဲ့ ပြီပဲ
ဒီဇတ်လမ်း …အလွမ်း နဲ့ အဆုံးသတ် ဖို့ မလိုလားပါဖူး
ယုံကြည်စမ်းပါချစ်သူရယ်…
မင်းပေးတဲ့ အပြုံးတွေဟာ
ငါ့နှလုံးသားအတွက်ခွန်အားတွေဖြစ်လာစေလိမ့်မယ် … ။

13 Nov 2007

ခပ်ရဲ့ရဲ့ သံယောဇဉ်ကြိုး

ခက်တယ်ကွယ် ...
အမျက်တော်က မပြေဖူး ...
နှင်းဆီပန်း ပွင့်ဖက်တွေ မြင်တိုင်း
မင်းနှုတ်ခမ်းကို ပြေးပြေးမြင်တယ် ...
ကောက်ကွေးကွေးနဲ့

ရင်ခုန်သံတွေ နဲ့ အစပြု
အချစ်တစ်ခုကို တည်ဆောက်ပြီးမှ
ဘာရယ်ကြောင့် သံယောဇဉ်ကြိုးတွေ ကို မှန်စာတိုက်ချင်တာလဲ
ကြာရင်လုံးပါးပါးပြီး ပြတ်တော့မယ် ...




10 Nov 2007

ချစ်သူ

မျက်စိ မှိတ်ထားပါလျှက်

ကောင်းကင် ကို သတိရ သည့်အခါ

တိမ်များကို မြင်ရပါသည်


အလွန် ဝေးကွား သည့် အရပ် သို့ ရောက်နေပါလျှက်

ပင်လယ်ပြာကို စဉ်းစားမိသည့် အခါ

လှိုင်းပုတ်သံ ကို ကြားရောင်နေတတ်ပါသည်


အခန်း ကျဉ်းထဲမှာ ရောက်နေပါလျှက်

ဥယျာဉ်ထဲသို့ စိတ်ရောက်သွား သည့်အခါ

နှင်းဆီ ရနံ့ ကို ခံစားရရှိ နေတတ်ပြန်သည်


သေဆုံးသည် အထိ

မှတ်မိ ကျွမ်းဝင်သွားစေမည့် အရာမှာ

(ငါ့) ချစ်သူ သာဖြစ်ပါ ၏ ။


မောင်စိန်ဝင်း - ပုတီးကုန်း

5 Nov 2007

ဖြစ်တတ်တဲ့ သဘောတရား . . .

ဆောင်းရာသီဆိုပေမယ့် တစ်ခါတရံလဲ

ဖေါက်ပြန်ခြင်းနဲ့ မြူမှုန်ကင်းနေတတ်တယ် ။


နွေရာသီဆိုပေမယ့် တစ်ခါတရံလဲ

တောင်လေမြူး နဲ့ အပူကင်းနေတတ်တယ် ။


မိုးရာသီဆိုပေမယ့် တစ်ခါတရံလဲ

လျှပ်မလင်း တိမ်ကင်းနေတတ်တယ် ။


မင်းအပေါ်ထား မေတ္တာတွေပဲ တစ်ခါတရံလဲ

အမူရာကင်း အေးစက်ခြင်း လည်းရှိလိမ့်မယ် ။


သည်မိုး ၊ သည်နွေ၊ သည်ဆောင်း

ဖေါက်ပြန်ကောင်းဖေါက်ပြန်ပေမယ့်

ပူနွေး၊ ချမ်းအေး၊ မိုးပြေး တွေက မပြောင်းမလဲ လောကကိုအလှဆင် မြဲလေ ။


ငါ၏မေတ္တာ အကြင်နာ တွေလဲ

ဘယ်လိုပဲအေးခဲနေပါစေ ။

ပူနွေး၊ ချမ်းအေး၊ မိုးပြေး တွေလို ထာဝစဉ် မပြောင်းလဲ

နှလုံးသားကို အလှဆင်မြဲပါလေ ။ ။ ။ ။

4 Nov 2007

ဘ၀ခံစားချက်

ပျိုရွယ်စဉ် အခါသည် နံနက်ခင်းနှင့်တူလှပေ၏ ။
ပွင့်သောပန်းကဲ့သို့ လှပခြင်း အဆင်းရှိ၏ ။
ဆီးနှင်း ဖြင့် ရွှန်းစိုသော မြက်ပင် နှင့်လည်း ပမာတူ၏ ။
စိမ်းလန်းခြင်းဖြင့် စိုပြည်နေ၏ ။
ဘ၀သည် မျှော်လင့်ချက် နေခြည်အောက်ဝယ် တလက်လက်တောက်ပလျှက်ရှိ၏ ။
ဆော့မြူးသော မြောက်ပြန်လေရူးကဲ့သို့
လျှင်မြန်သော ရင်ခုန်သံတို့သည် တဖျပ်ဖျပ် လှုပ်ရှား၍ နေလေ၏ ။
တဖြည်းဖြည်း ရင့်ကျက်လာ တက်နေ ၏ နည်းတူ
ရဲရင့်ခြင်း သတ္တိသည် တိုးပွား ဖြစ်ပေါ်ဆဲ ဖြစ်၏ ။
အခိုင်း မခံရသော နွားပေါက်သည် သစ်သော အားဖြင့် တောင့်တင်း ခိုင်မာသကဲ့သို့
ဗလသိဒ္ဓိ ၏အစွမ်း ဖြင့်ထွန်းလင်း သော အဆင်းသည် တင့်တယ်၏ ။
ဘ၀ ကိုမကြောက်တတ်သေး ဘေးကို မမြင်တတ်သေး အတွေးကို အမှီမပြုသေး
ရီဝေမူးနောက်သော အသောက်သမားသည်
ခုန်ပေါက် မြူတူခြင်းဖြင့် ခရီးတစ်ထောက်သို့အရောက်သွားလေသကဲ့သို့

3 Nov 2007

သူငယ်ချင်း . . . မင်းနားလည်နိုင်မယ်ဆိုရင်

သူငယ်ချင်းရေ. . . .

တစ်ပြည် တစ်မြေ တစ်ဌာနေမှာ မင်းနဲ့ငါ အတူရှိနေခဲ့တာပါ

ငါတို့တွေ ခင်မင်ခဲ့ တဲ့ အတိတ်ကို ပြန်တွေးကြည့်ပါအုံး ။ ။

အရင် နှီးဆုံး ဆိုတဲ့ အသိုင်းအ၀ိုင်း ထဲမှာ အူဝဲ ဆိုတဲ့မူလ ဘာာသာစကားကို

မင်းနဲ့ငါ အပြိုင်အော် ခဲ့ကြတယ် ။ ။

တစ်ယောက်ကိုတစ်ယောက် ပခုံး ချင်းဖက် ယုံကြည်ချက်တွေနဲ့

မူလတန်းမှသည် အထက်တန်း အထိ ပညာရည် နို့ချိုကို အတူသောက်ဆို့ခဲ့ကြတယ် ။

အတူသွားအတူစား အဆိုးအကောင်း မခွဲခြား လုပ်ချင်ရာတွေကို စိတ်တူကိုတူ ဆောင်ရွက်ခဲ့ကြတယ်။

ဆွဲကြိုး သုံးစစ် အမှုန့်ဖြစ်အောင်လည်း ဆိုးခဲ့ကြသလို

သာသနာအကျိုးထမ်း ဓမ္မရုံ ၀န်ထမ်းအဖြစ်တလည်း ပါဝင်ဆောင်ရွက်ခဲ့တယ် ။

အရွယ်ရောက်လာတာနဲ့အမျှ ငါတို့ဘ၀ အသီးသီးရဲ့ သတ်မှတ်ချက်နဲ့ အတူ

လောကဓါတ် ပညာရပ်တွေကို ဦးတည်ချက်အလိုက် ဆက်လက်သင်ကြားခဲ့တယ်။

လုပ်ငန်းကိုစီနဲ့ ကျင်လည်ရာ ဘ၀မှာ ပျော်သလိုနေခဲ့ကြတယ်။

ဦးတည်ချက်တွေ ရည်ရွယ်ချက်တွေအရ ကိုယ့်လမ်းကိုယ်လျှေက်ခဲ့ပေမယ်

သူငယ်ချင်းဆိုတဲ့ ဝေါဟာရ ဆိုတာ ငါတို့တွေကြားမှာ ပျောက်ပျက်မသွားခဲ့ပါဖူး ။

အခုတော့ ကိုယ်နားမလည် တဲ့အကြောင်းအရာ တွေကို ငြင်းခုန်

လားရာ မတူတဲ့ အယူအစ နဲ့ မူဝါဒတွေ ကြောင့် ငါတို့တွေ မခေါ်မပြောနိုင်ဖြစ်နေကြရပြီ ။

ငါ မင်းကိုသတိရ မိသလို မင်းလည်းငါ့အကြောင်းတွေနေလိမ့်မယ်လို့ထင်ပါတယ်။

ငါတို့ဟာ ခန္ဓာကိုယ် တစ်ခု တည်း က လက် တွေပါကွာ ။

ငါလက်ဝဲ ၊ မင်းလက်ယာဆိုပြီး မငြင်းခုန်ချင်ပါနဲ့တော့

လက်နှစ်ဖက်စုံစုံလင်လင် နဲ့ ဖြစ်လာမယ့် လောကဒဏ် ကို ရင်ဆိုင်ကြပါစို့လားကွာ ။

သူငယ်ချင်း မင်း နားလည်နိုင်မယ် ဆိုရင်

ပျော်ရွင်ခြင်း၊ သည်းခံခွင့်လွတ်ခြင်း တွေနဲ့ အတူ ငါမင်းကိုကြို ဆို နေပါရစေ ။ ။ ။

မေတ္တာ

ပန်းသည် ကိုယ်ကျိုးအတွက် ပွင့်သည်မဟုတ် ။

နေသည် ကိုယ်ကျိုးအတွက် ထွက်သည်မဟုတ်။

လသည် ကိုယ်အတွက် သာသည်မဟုတ်။

မိုးသည်ကိုယ်ကျိုးအတွက် ရွာသည်မဟုတ်။

အပင်သည် ကိုကျိုးအတွက် သီးသည်မဟုတ်။

သားသမီးသည် ကိုယ်ကျိုးအတွက် မွေးသည်မဟုတ်။

လောကလှဖို့ပွင့်သောပန်လည်း အနာခံလျှက်စွန့်ကြဲလျှက်ပါ

လောကတည်ဖို့ ထွက်သောနေလည်း အနာခံလျှက်စွန့်ကြဲလျှက်ပါ ။

လောကအေးချမ်းဖို့ သာသော လလည်း အနာခံလျှက် စွန့်ကြဲလျှက်ပါ ။

လောကစိမ်းလန်းဖို့ ရွာသောမိုးလည်း အနာခံလျှက်စွန့်ကြဲလျှက်ပါ ။

လောက ၀ဖို့ သီးသော အပင်လည်း အနာခံလျှက်စွန့်ကြဲလျှက်ပါ ။

လောကကြီးပွါးဖို့ သားသမီး မွေးသော မိဘလည်း အနာခံလျှက်စွန့်ကြဲလျှက်ပါ။

မူရင်ကဗျာရေးစပ်သူ၏အမည်ကို မမှတ်မိသောကြောင့်မဖော်ပြနိုင်ပါ။

မိဘ ဂုဏ်ကျေးဇူးကို နာလည် သိတတ်သော သားတစ်ယောက်ဖြစ်စေချင်းအလိုငှာ

ဤကဗျာကို နိုးဆော်စာ အဖြစ် ကျက်မှတ်ထား မိပါသည်။

2 Nov 2007

မောင်အေးချမ်း ၏ မအေးချမ်း သော ဖြစ်စဉ် ( ၁ )

ချမ်းအေးတဲ့ ဆောင်းဦး ရာသီ က

အေးချမ်းကိုပမာမခန့် ပြုနေသော်လည်း .....

မအေးချမ်းနိုင်သော အေးချမ်းရဲ့ ရင်အပူမီး တို့ကား

ရင်တွင်း အစုံကို လောင်ကျွမ်းကာ ဦးနှောက်ကို လာဟပ်ချေပြီ။

ခန္ဓာ ကိုယ်အတွင်း မှ စွမ်းအင်ပြောင်း၍ ထွက်လာသော ချွေးစက်ရေငွေ့ များမှာ

အေးစက်စက် နှင့် နှဖူးပြင်ပေါ်တွင် ရီးလေးခို က လုပ်ရမ်း နေကြပြန်သည် ။

ခပ်သွက်သွက်လှမ်းလျှေက်ရင်း အတွေးတစ်ခုက ဦးနှေက် အား

မီးစာထိုးပေးသလို ၀င်လာပြန်တော့ . . . . . .

ဒီနေ့ သာ ကျောင်းနောက် ကျရင် ဌာနမှူး ရုံးခန်း တွင် သေချာပေါက် အဆူခံ ရမှာပါလား ။ ”

စိတ်ကူသစ် အတွေးများ လေထဲပျောက်မသွားခင် နာရီပေါ်သို့ ရည်ရွယ်ချက်မဲ့ စွာကြည့်မိသည်။

ဟား .......... ငါ့ခြေဦးတွေ ဌာနမှူးရုံးခန်း ကို ဦးတည်နေပါလား ။ ။ ။

1 Nov 2007

စတုတ္ထမြောက် ဆုံးဖြတ်ချက် . . .

ပထမအကြိမ်

ဖတ်တယ်

ကျက်တယ်

မှတ်တယ်. . . ။ မရ ။

ဒုတိယအကြိမ်

ဖတ်တယ်

ကျက်တယ်

မှတ်တယ်. . . ။ မရ ။

တတိယအကြိမ်

ဖတ်တယ်

ကျက်တယ်

မှတ်တယ်. . . ။ မရ ။

အာကြာပါတယ် . . .

ဖောက်တယ်(အရက်)

သောက်တယ်

မှောက်တယ်ကွာ. . .အဲဒါပဲကောင်းတယ်။


30 Oct 2007

နယ်နမိတ်

တိမ်လိုလွင့်လျှင်
ကောင်းကင်ထဲသာ
လွင့်မျောမှာလေ ...

လှိုင်းလိုပြေးလျှင်
ပင်လယ်ထဲသာ
လွင့်လူမှာလေ ...

ဘယ်လောက်ဝေးဝေး
တွေးထဲမှာ
ရင်ထဲမှာလေ...

ဝေဒနာကောင်းကင်
ဝေဒနာပင်လယ်
သည့်ထက်ကျယ်လို့
ဘယ်မှာဘယ်သူပုန်းမလဲ.........


 
3 Columns Blogger Template by Amanda at BloggerBuster