5 Nov 2007

ဖြစ်တတ်တဲ့ သဘောတရား . . .

ဆောင်းရာသီဆိုပေမယ့် တစ်ခါတရံလဲ

ဖေါက်ပြန်ခြင်းနဲ့ မြူမှုန်ကင်းနေတတ်တယ် ။


နွေရာသီဆိုပေမယ့် တစ်ခါတရံလဲ

တောင်လေမြူး နဲ့ အပူကင်းနေတတ်တယ် ။


မိုးရာသီဆိုပေမယ့် တစ်ခါတရံလဲ

လျှပ်မလင်း တိမ်ကင်းနေတတ်တယ် ။


မင်းအပေါ်ထား မေတ္တာတွေပဲ တစ်ခါတရံလဲ

အမူရာကင်း အေးစက်ခြင်း လည်းရှိလိမ့်မယ် ။


သည်မိုး ၊ သည်နွေ၊ သည်ဆောင်း

ဖေါက်ပြန်ကောင်းဖေါက်ပြန်ပေမယ့်

ပူနွေး၊ ချမ်းအေး၊ မိုးပြေး တွေက မပြောင်းမလဲ လောကကိုအလှဆင် မြဲလေ ။


ငါ၏မေတ္တာ အကြင်နာ တွေလဲ

ဘယ်လိုပဲအေးခဲနေပါစေ ။

ပူနွေး၊ ချမ်းအေး၊ မိုးပြေး တွေလို ထာဝစဉ် မပြောင်းလဲ

နှလုံးသားကို အလှဆင်မြဲပါလေ ။ ။ ။ ။

2 ယောက် ကဒီလိုအကြံပြုဆွေးနွေးပေးပါတယ် ။:

Chaos said...

မောင်အေးချမ်း
ကဗျာလေးကောင်းတယ်ဗျ
ချမ်းချမ်းအေးအေးနဲ့ဖတ်ရလို့ထင်တယ်
ပိုလို့ကောင်းသေး
တကယ်ကောင်းတာပါ
ကဗျာတွေမျှော်နေဦးမယ်

Red's Rose Dream said...

ခံစားမှုနုနုညံ့ညံ့နဲ့ ရေးထားတဲ့ကဗျာလေးကို
နှစ်သက်ပါသဖြင့် ကွန့်မန့်ဝင်ပွက်သွားပါကြောင်း။

 
3 Columns Blogger Template by Amanda at BloggerBuster