16 Nov 2007

ခွန်အားဖြည့်အပြုံး

ယဲ့ယဲ့ ကလေးပဲ ပြုံးပေးပါချစ်သူရယ်
အခြေခံ မတူတဲ့ ဘ၀ နှစ်ခုပေါင်းစပ်မယ်ဆိုရင်
အချစ်တစ်ခုကို တော့မူမှန်အောင် ထားရလိမ့်မယ်
စိတ်ကူးရင် ဆန်တဲ့ အတွေးလို့ ထင်ချင်ထင်နိုင်ပါတယ်
စိတ်ရှိရင်တော့ ဖြစ်လာဖို့ ရာခိုင်နှုန်းတွေက
အပေါင်းလက္ခဏာ ပဲလေ …

သဲ့သဲ့ကလေးပဲ ရယ်ပေးပါချစ်သူရယ်
လောကဓံကို တူနှစ်ကိုယ်ရင်ဆိုင်မယ်ဆိုရင်
ယှက်ထားတဲ့ လက်တွေ ခိုင်မြဲဖို့တော့လိုလိမ့်မယ်
ပိုတယ်လို့ လည်းထင်ချင်ထင်နိုင်ပါတယ်
လိုအပ်မယ့် စွန်းစားမှု အတွက်တော့
ကြိုတင်ပြင်ဆင်ရ မှာပဲလေ …

မင်း နဲ့ ပတ်သတ်ပြီး ငါဘ၀မှာ
ဓါးသွားပေါ်က ပျားရည် စက် ကို လျှာနဲ့လျက်သလို
ဆိုးဝါးတဲ့ ဒဏ်ရာတွေရမယ်ဆိုရင်တောင်
မင်းအပြုံးတစ်ချက်နဲ့ ရုံးမထွက်ပဲ
ချို မြိန်စွာ သောက်သုံးလိုက်ပါ့မယ် ...

နှလုံးသာချင်း ရင်းနှီးလို့
ချစ်ခြင်း တရားတွေ ကို ဖလှယ်ခဲ့ ပြီပဲ
ဒီဇတ်လမ်း …အလွမ်း နဲ့ အဆုံးသတ် ဖို့ မလိုလားပါဖူး
ယုံကြည်စမ်းပါချစ်သူရယ်…
မင်းပေးတဲ့ အပြုံးတွေဟာ
ငါ့နှလုံးသားအတွက်ခွန်အားတွေဖြစ်လာစေလိမ့်မယ် … ။

2 ယောက် ကဒီလိုအကြံပြုဆွေးနွေးပေးပါတယ် ။:

hnin said...

ဟဲဟဲ... အပြုံးတစ်ချက်နဲ့တင် ခွန်အားပြည့်တယ်ဆိုပါလား... ကဗျာလေး ကောင်းတယ်ကိုအေးချမ်း။

This is about... said...

မိုက်တယ်ကွာ။ heart ထိတယ်ဆိုတာ ဒါပဲထင်တယ်။

 
3 Columns Blogger Template by Amanda at BloggerBuster