သူငယ်ချင်းရေ. . . .
တစ်ပြည် တစ်မြေ တစ်ဌာနေမှာ မင်းနဲ့ငါ အတူရှိနေခဲ့တာပါ
ငါတို့တွေ ခင်မင်ခဲ့ တဲ့ အတိတ်ကို ပြန်တွေးကြည့်ပါအုံး ။ ။
အရင် နှီးဆုံး ဆိုတဲ့ အသိုင်းအ၀ိုင်း ထဲမှာ “ အူဝဲ “ ဆိုတဲ့မူလ ဘာာသာစကားကို
မင်းနဲ့ငါ အပြိုင်အော် ခဲ့ကြတယ် ။ ။
တစ်ယောက်ကိုတစ်ယောက် ပခုံး ချင်းဖက် ယုံကြည်ချက်တွေနဲ့
မူလတန်းမှသည် အထက်တန်း အထိ ပညာရည် နို့ချိုကို အတူသောက်ဆို့ခဲ့ကြတယ် ။
အတူသွားအတူစား အဆိုးအကောင်း မခွဲခြား လုပ်ချင်ရာတွေကို စိတ်တူကိုတူ ဆောင်ရွက်ခဲ့ကြတယ်။
ဆွဲကြိုး သုံးစစ် အမှုန့်ဖြစ်အောင်လည်း ဆိုးခဲ့ကြသလို
သာသနာအကျိုးထမ်း ဓမ္မရုံ ၀န်ထမ်းအဖြစ်တလည်း ပါဝင်ဆောင်ရွက်ခဲ့တယ် ။
အရွယ်ရောက်လာတာနဲ့အမျှ ငါတို့ဘ၀ အသီးသီးရဲ့ သတ်မှတ်ချက်နဲ့ အတူ
လောကဓါတ် ပညာရပ်တွေကို ဦးတည်ချက်အလိုက် ဆက်လက်သင်ကြားခဲ့တယ်။
လုပ်ငန်းကိုစီနဲ့ ကျင်လည်ရာ ဘ၀မှာ ပျော်သလိုနေခဲ့ကြတယ်။
ဦးတည်ချက်တွေ ရည်ရွယ်ချက်တွေအရ ကိုယ့်လမ်းကိုယ်လျှေက်ခဲ့ပေမယ်
သူငယ်ချင်းဆိုတဲ့ ဝေါဟာရ ဆိုတာ ငါတို့တွေကြားမှာ ပျောက်ပျက်မသွားခဲ့ပါဖူး ။
အခုတော့ ကိုယ်နားမလည် တဲ့အကြောင်းအရာ တွေကို ငြင်းခုန်
လားရာ မတူတဲ့ အယူအစ နဲ့ မူဝါဒတွေ ကြောင့် ငါတို့တွေ မခေါ်မပြောနိုင်ဖြစ်နေကြရပြီ ။
ငါ မင်းကိုသတိရ မိသလို မင်းလည်းငါ့အကြောင်းတွေနေလိမ့်မယ်လို့ထင်ပါတယ်။
ငါတို့ဟာ ခန္ဓာကိုယ် တစ်ခု တည်း က လက် တွေပါကွာ ။
ငါလက်ဝဲ ၊ မင်းလက်ယာဆိုပြီး မငြင်းခုန်ချင်ပါနဲ့တော့
လက်နှစ်ဖက်စုံစုံလင်လင် နဲ့ ဖြစ်လာမယ့် လောကဒဏ် ကို ရင်ဆိုင်ကြပါစို့လားကွာ ။
သူငယ်ချင်း မင်း နားလည်နိုင်မယ် ဆိုရင်
3 ယောက် ကဒီလိုအကြံပြုဆွေးနွေးပေးပါတယ် ။:
ကောင်းတယ်ကွာ...
ကောင်းတယ် ၊ ကြိုက်တယ် ။
ကောင်းတယ်။ကြိုက်တယ်..။ရဲဘော် ....ဆက်လုပ်။။
Post a Comment