10 Nov 2007

ချစ်သူ

မျက်စိ မှိတ်ထားပါလျှက်

ကောင်းကင် ကို သတိရ သည့်အခါ

တိမ်များကို မြင်ရပါသည်


အလွန် ဝေးကွား သည့် အရပ် သို့ ရောက်နေပါလျှက်

ပင်လယ်ပြာကို စဉ်းစားမိသည့် အခါ

လှိုင်းပုတ်သံ ကို ကြားရောင်နေတတ်ပါသည်


အခန်း ကျဉ်းထဲမှာ ရောက်နေပါလျှက်

ဥယျာဉ်ထဲသို့ စိတ်ရောက်သွား သည့်အခါ

နှင်းဆီ ရနံ့ ကို ခံစားရရှိ နေတတ်ပြန်သည်


သေဆုံးသည် အထိ

မှတ်မိ ကျွမ်းဝင်သွားစေမည့် အရာမှာ

(ငါ့) ချစ်သူ သာဖြစ်ပါ ၏ ။


မောင်စိန်ဝင်း - ပုတီးကုန်း

2 ယောက် ကဒီလိုအကြံပြုဆွေးနွေးပေးပါတယ် ။:

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ချစ်သူဆိုတာ အလွမ်းရဲ့ တမန်တော် သက်သက်ပါဗျာ ။ ချစ်မိပြီဆိုတာနဲ့ လွမ်းလို့ကို မဆုံးတော့ဘူးဗျို့ ။

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ချစ်သူဆိုတာ အလွမ်းရဲ့ တမန်တော် သက်သက်ပါဗျာ ။ ချစ်မိပြီဆိုတာနဲ့ လွမ်းလို့ကို မဆုံးတော့ဘူးဗျို့ ။

 
3 Columns Blogger Template by Amanda at BloggerBuster